နတ်သားလေး သည် ဘာမျှ မသိပါ ၊ ဘာမျှလဲ မတတ်ပါ ၊နာမည်ကျော်ကြား Copy Blogs များကို မိမိ တင်ချင်သလို တင်သောဘလော့ဖြစ်သည် ။ သင့်အတွက် အသုံးဝင်သောအရာတွေ့ ရှိပါက ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာရယူပါ ။

ဒီဘလော့ကို Admin ကိုဝေမင်းလျှန်နဲ့ အတူ တွဲ ဖွင့်ထားတာပါ ။ ကျနော့် နတ်သားလေး Sexy Blogs နှင့် ကိုဝေမင်းလျှန် နှင့်လုံးဝ မသက်ဆိုင်ပါဘူး ။

Gmail Account တွေကိုသူခိုးတွေလက်ကပြန်ခိုးကြမယ်


  • ကျွန်တော် တို့ Gmail တွေကို Page အတုတွေသုံးပြီးခိုးကာ ဆရာကြီးလုပ်နေကြတဲ့ ကိုကိုများဆီက Gmail Account တွေပြန်လည်ခိုးနည်းကို ကျွန်တော် ပြောပြပါ့မယ် ။။။ ဖေးရှင်းဆိုတဲ့ နည်းကို ဆိုဒ်တိုင်းနေရာတိုင်းမှာ ကျွန်တော်တွေ့နေရပါတယ်။ဒါပေမယ့်အဲနည်းဟာ လူငယ်တိုင်းရဲ့လက်ကိုရောက်ပြီး သာမန်အသုံးပြုသူတွေ စိတ်အနှောင့်အယှက်ဖြစ်ကြပါတယ်။ကျွန်တော် လဲ လည်တည့်စမ်းဖူးပါတယ်(ဟီးးး)။အခုတော့မလုပ်တော့ပါဘုူး။
    သူတို့Page အတုတွေအသုံးပြုပြီးခိုးတဲ့နည်းကို မသိကြတဲ့လူများမှာပါ။ကျွန်တော် ကသူတို့ဆီက အကောင့်တွေကိုပြန်ခိုးပါ့မယ် ။
    င်္သူတို့မှာခိုးဘို့အတွက် File 3 ဖိုင် တင်ရပါတယ်။တစ်ခုက (1)Page အတုပါ။
    နောက်တစ်ခုက(2)User name နဲ့ Password ကိုမှတ်ထားမဲ့ Cookies ခိုးတဲ့ ဖိုင်ပါ။
    နောက်တစ်ခုက(3) ခိုးထားတဲ့ User name နဲ့ Password တွေကိုသိမ်းပေးမဲ့ notepad(log.txt) လေးတစ်ဖိုင်ပါ။

    သူတို့က ဖိုင်တွေကိုဘယ်မှာတင်သလဲံဆိုတော့ www.ripway.com မှာသွားသိမ်းကြပါတယ်။ဒီဆိုဒ်က သိမ်းထားတဲ့ ဖိုင်တွေအတွက် linkလေးတွေထုတ်ပေးပါတယ်။





    အမဲနဲ့ဝိုက်ထားတာက Page အတုဖိုင်ပါ။သူ့အတွက် www.ripway.com က Link လေးထုတ်ပေးထားပါတယ် Direct Link နောက်မှာရှိတဲ့ linkလေးပေါ့။ http://h1.ripway.com/gmailapsx/index.htm လေ။ မယုံရင်နှိပ်ကြည့်လိုက်ပါ။ Gmail login စာမျက်နှာကိုရောက်သွားပါလိမ့်မယ်။အဲ ကိုယ်က၀င်လိုက်ပြီဆိုရင်တော့ အနီရောင်နဲ့ပြထားတဲ့ NEXT.PHP ဖိုင်က User name နဲ့ Password ကိုမှတ်ထားပါလိမ့်မယ်။ NEXT.PHP ဖိုင်ကမှတ်ထားတဲ့ User name နဲ့ Password ကို log.txt ဖိုင်ထဲံမှာ ထည့်ပြီးသိမ်းထားလိုက်ပါတယ်။

    ကဲ သဘောတရားသိပြီဆိုရင်ခိုးကြမယ်တော့ ။သြော်တစ်ခုပြောမလို့ဒီနည်းက Gmail Hacker တွေဆိုပြီးသောင်းကျန်းနေကြတဲ့သူတွေကိုပညာပေးမလို့ပါ ။သူများအကောင့်ကိုသွားပြီးတော့ခိုးလို့မရပါဘုး။ဒါပေမယ့် Gmail သူခိုးတွေဆီက အကောင့်ပြန်ခိုးရတာ အရသာဘဲလေ။
    www.ripway.com က ကိုယ်တင်ထားတဲံ့ File တစ်ခုအတွက် Link လေးတစ်ခုထုတ်ပေးတယ်နော်။ဒါဆို ကျွန်တော်တို့ ကိုလာဟက်မလို့လာတဲ့ သူခိုးလေးတွေ ကိုမသိချင်ယောင်ဆောင်နေလိုက်ပါ။ Linkလေးတစ်ခု လာထိုးပေးပြီးဝင်ကြည့်လိုက်လို့ပြောရင် အသာအယာဘဲငြိမ်နေလိုက်ပါ။ကဲကျွန်တော်ဥပမာပြထားတဲ့ ပုံမှာဆိုပါစို့ http://h1.ripway.com/gmail.apsx.index.htm က Gmail Login နော်။ခိုးမယ့်လူကဒါကိုလာပေးလိမ့်မယ်။ဒါကို ကျွန်တော်တို့က မ၀င်ဘဲနဲ့ တွက်ကြည့်လိုက်ရအောင်။
    http://h1.ripway.com/gmailapsx/index.htm
    http://h1.ripway.com/gmailapsx/log.txt
    http://h1.ripway.com/gmailapsx/NEXT.PHP

    ပထမဖိုင်က Gmail Login
    ဒုတိယဖိုင်က ခိုးထားတဲ့ Password တွေသိမ်းဆည်းထားတဲံ့နေရာ
    တတိယဖိုင်က Cookies ခိုးတဲ့ဖိုင် (သူ့ကိုတော့ထည့်စဉ်းစားစရာမလိုပါဘူုး)

    ဒါဆိုကျွန်တော်တို့ http://h1.ripway.com/gmailapsx/ ကပုံသေနော် ။ဖိုင်နာမည်တွေ သာနောက်က ကွဲပြီးပြောင်းသွားမှာ။(ဥပမာ- abcd ဖိုင်အတွက်ဆိုရင် link က http://h1.ripway.com/gmailapsx/abcd ပေါ့။

    ကျွန်တော်တို့ http://h1.ripway.com/gmailapsx/log.txt ဆိုပြီးရိုက်လိုက်ကြမယ်ဗျာ။ဒါဆို သူ့ရဲ့ Password တွေထည့်ထားတဲ့ ဖိုင်ကြီး ကျလာလိမ့်မယ် ။ကိုယ့်ဘာသာစိတ်ကြိုက်တာ ယူပေတော့ ။ဒါမျိုးတော့အားပေးတယ်ဟီးး။

    နာမည်တွေကတော့တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ဘူး။အခုက http://h1.ripway.com/gmailapsx ဆိုပေမယ့် http://h1.ripway.com/(တခြားနာမည်) တွေနဲ့ လာရင်တော့
    http://h1.ripway.com/(တခြားနာမည်)/log.txt လို့အစားသွင်းပြီးရိုက်ထည့်လိုက်ရုံပေါ့။
    ကျွန်တော်အမှတ်မထင်ဘဲ တွေ့ခဲ့တဲ့နည်းလမ်းက အခု User တွေ အတွက် အကျိုးပြုမယ်လို့ထင်ပါတယ် ။သူငယ်ချင်းအတော်များများ အကောင့်ပျောက်တယ်ဆိုတဲ့သတင်းတွေ ခဏခဏကြားနေရလို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် နောက်တစ်ခါ လာပြီး "သူငယ်ချင်းရေ ဒီ Link လေးထဲဝင်ကြည့်လိုက်ဆိုရင်တော့" ကျွန်တော်ပြောသလိုသာလုပ်လိုက်ပါတော့ဗျာ :D
    @http://www.hbc-myanmar.net/profiles/blogs/gmail-account

Share this article :

+ မှတ်ချက် + 3 မှတ်ချက်

11 November 2011 at 11:08

ကိုနတ်သားလေးခိုးသွားတယ်နော..နည်းပညာတွေ
ဟိ...ကျေးဇူးဗျ

Anonymous
10 December 2011 at 12:43

ကျေးဇူးတင်ပါတယ်အစ်ကို ဒါပေမဲ့ နားတောမလည်ပါဘူး လေ့လာသွားပါတယ်အစ်ကို

Anonymous
16 December 2011 at 23:12

ကျေးဇူးတင်ပါတယ်ကိုနတ်သား

Post a Comment

လွတ်လပ်စွာ ဝေဖန်နိုင်သည် (နတ်သားလေး)သည်ဘာမျှသိတတ်နားလည်ခြင်းမရှိ
သောကြောင့်အကူညီ တောင်းခံမူ့ များကိုပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ ။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရူးလေး - All Rights Reserved
Template Created by Creating Website Published by Mas Template
မူပိုင် နတ်သားလေး