နတ်သားလေး သည် ဘာမျှ မသိပါ ၊ ဘာမျှလဲ မတတ်ပါ ၊နာမည်ကျော်ကြား Copy Blogs များကို မိမိ တင်ချင်သလို တင်သောဘလော့ဖြစ်သည် ။ သင့်အတွက် အသုံးဝင်သောအရာတွေ့ ရှိပါက ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာရယူပါ ။

ဒီဘလော့ကို Admin ကိုဝေမင်းလျှန်နဲ့ အတူ တွဲ ဖွင့်ထားတာပါ ။ ကျနော့် နတ်သားလေး Sexy Blogs နှင့် ကိုဝေမင်းလျှန် နှင့်လုံးဝ မသက်ဆိုင်ပါဘူး ။

Computer နှင့် Mozillz Firefox မှာ မိမိသွားခဲ့ ၊ ဖွင့်ခဲ့ သမျှစာမျက်နှာ မကျန်အောင် Delete လုပ်နည်း



ကွန်ပြူတာ တိုင်းမှာ နဲ့  Internet browser တိုင်းမှာ မိမိ ဖွင့်ခဲ့ သုံးခဲ့သမျှ စာမျက်နှာတွေ အားလုံး ရက်စွဲအချိန်နဲ့ အတိအကျ မှတ်ထားတတ်တာကိုတော့နားလည်ကြမယ်ထင်ပါတယ် ၊ အဲလိုကိုယ်သွားခဲ့ သမျှ စာမျက်နှာတွေ မကျန်ရစ်ခဲ့အောင် လက်စလက်န ဖျောက် နည်းကို ပြောပြပါဆိုပြီးတောင်းဆိုထားတဲ့ သူငယ်ချင်းအတွက် သိသလောက်ပြန်လည် ဝေမျှပေးလိုက်ပါတယ် ...
၁ ။ Internet browse


အပေါ်ပုံထဲက အနီဝိုင်းပြထားတဲ့ History ကိုနှိပ်ပါ

ပြီးရင် နောက်ထပ် Show All History                                     Ctrl+Shift+H ကို နှိပ်ပါ
အောက်ပါ ပုံအတိုင်း ပေါ်လာပါလိမ့်မည် ။
ဒါဆိုရင်မိမိ ဖျက်ချင်တဲ့ ရက်စွဲ ကိုထောက်ပြီး Right ပေးပြီး Delete ကိုနှိပ်ပေးခြင်းဖြင့် Internet browser
မှာ ကိုယ်သွားခဲ့ သမျှ ဖွင့်ခဲ့သမျှ စာမျက်နှာတွေအားလုံး ဖျက်ပြီးသားဖြစ်သွားပါမယ် ။

ပိုကောင်းသောနည်း
 Tools ကိုနှိပ်၍  Clear Recent History ...  ကိုနှိပ်၍
Last Hour ကိုနှိပ်ပါ Everything ဆိုပါကပိုကောင်းပါ၏ ။
ပြီးရင်ရင် Clear now ကိုနှိပ်၍ ခေတ္တ စောင့်ဆိုင်းခြင်းဖြင့် သင်သွားခဲ့ သမျှ ကိုရှာ၍ မတွေ့ နိုင်တော့ပါ ။
 Internet Explorer
မှာဆိုရင် ပထမဆုံး Internet Explorer ကိုဖွင့်လိုက်ပါ ပြီးရင် ကီးဘုတ်က ကီး Ctrl + i ကိုတွဲနှိပ်လိုက်ပါ ။
 ဘယ်ဘက်ထောင့်ကနေ windows လေးပေါ်လာပါလိမ့်မယ် ။ အဲထဲက ညာဘက်ထောင့် က History ကိုနှိပ်ပြီး ပြုပြင်နိုင်ပါတယ် ။
နောက်ထပ် တစ်နည်းက Internet Explorer browser ရဲ့ညာဘက်ထောင့်မှာက Tools ကိုနှိပ်ပြီး
Internet Options ကိုနှိပ်ပါ
Delete ကိုဆက်သွားပါ ။ ပြီး ကိုယ် ဖျက်ချင်တဲ့ ဟာတွေကို အမှန်ခြစ်ပေးပြီး Delete ကိုဆက်နှိပ်ပေးခြင်းဖြင့်ကိုယ် သွားခဲ့သမျှ အသုံးပြုခဲ့ သမျှ ရှာမတွေ့ နိုင်တော့ပါဘူး ။ ပြန်ပြီးတော့ backup လုပ်ရင်တော့ ကြည့်လို့ ရတာပေါ့ ဟီး ။ဒါက Internet Explorer browser ရဲ့ အားသာချက်ပဲလေ ။
  ၂ ။ Computer
ကွန်ပြူတာမှာလည်း မိမိ ဖွင့်ခဲ့ သမျှ ဗီဒီယို ၊ ပုံ နဲ့ စာမျက်နှာတိုင်းကို သိမ်းဆည်းထားလေ့ရှိပါတယ် ။
Recycle Bin ထဲကနေ Delete လုပ်ထားတာတောင်မှ မိမိသုံးခဲ့သမျှ ကို အားလုံးပြန်ဖွင့်ပြန်ကြည့်လို့ ရပါတယ် ။ ဒါကိုဖက်နည်းကို သိသလောက် ရှင်းပြလိုက်ပါတယ် ။
 Start ကိုနှိပ်ပါ
 My Recent Documents >> ပြီးရင် ပေါ်လာတဲ့  ပုံ ၊ ဗီဒီယို ၊  Internet browser စရှိသမျှ မိမိဖျက်လိုသမျှတွေက်ု
 ပုံပေါ်ထောက်ပြီး Right ပေးကာ Delete လုပ်ပေးခြင်းဖြင့် ခြေရာလက်ရာဖျက်နိုင်ပါတယ် ။
 Control Panel >>Performance and mainenance >> Scheduled Tasks ဆိုပြီးတော့လည်းကြည့်လို့ ရပါသေးတယ် ၊

ကျွန်တော် ရှင်းပြထားသမျှဟာ ကျွန်တော်သိထားသမျှသာဖြစ်ပါတယ် အခြားသေားနည်းများ လဲရှိပါလိမ့်အုံးမယ် ၊
လေးစားစွာဖြင့်
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရူးလေး - All Rights Reserved
Template Created by Creating Website Published by Mas Template
မူပိုင် နတ်သားလေး