နတ်သားလေး သည် ဘာမျှ မသိပါ ၊ ဘာမျှလဲ မတတ်ပါ ၊နာမည်ကျော်ကြား Copy Blogs များကို မိမိ တင်ချင်သလို တင်သောဘလော့ဖြစ်သည် ။ သင့်အတွက် အသုံးဝင်သောအရာတွေ့ ရှိပါက ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာရယူပါ ။

ဒီဘလော့ကို Admin ကိုဝေမင်းလျှန်နဲ့ အတူ တွဲ ဖွင့်ထားတာပါ ။ ကျနော့် နတ်သားလေး Sexy Blogs နှင့် ကိုဝေမင်းလျှန် နှင့်လုံးဝ မသက်ဆိုင်ပါဘူး ။

ဖိုင်တွေကို USB Drives နဲ့ ကူးယူလို့မရအောင်လုပ်ခြင်း

ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူးဆိုရင် ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ထားလို့ရပါတယ်။

1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ
“HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control”
3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။
4)StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကိုဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect ဆိုပြီး အမည်ပေးလိုက်ပါ။

5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting
အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။
စက်ပြန်တက်လာတဲ့အခါ စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives တွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။
ကူးလိုက်ရင်အောက်ပါအတိုင်း errormessage တက်ပါလိမ့်မယ်။

 ဒီနည်းကို Window XP SP 2 မှ Vistaအထိသုံးလို့ရပါတယ်။

မှတ်ချက်။။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။
Share this article :

Post a Comment

လွတ်လပ်စွာ ဝေဖန်နိုင်သည် (နတ်သားလေး)သည်ဘာမျှသိတတ်နားလည်ခြင်းမရှိ
သောကြောင့်အကူညီ တောင်းခံမူ့ များကိုပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ ။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရူးလေး - All Rights Reserved
Template Created by Creating Website Published by Mas Template
မူပိုင် နတ်သားလေး