နတ်သားလေး သည် ဘာမျှ မသိပါ ၊ ဘာမျှလဲ မတတ်ပါ ၊နာမည်ကျော်ကြား Copy Blogs များကို မိမိ တင်ချင်သလို တင်သောဘလော့ဖြစ်သည် ။ သင့်အတွက် အသုံးဝင်သောအရာတွေ့ ရှိပါက ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာရယူပါ ။

ဒီဘလော့ကို Admin ကိုဝေမင်းလျှန်နဲ့ အတူ တွဲ ဖွင့်ထားတာပါ ။ ကျနော့် နတ်သားလေး Sexy Blogs နှင့် ကိုဝေမင်းလျှန် နှင့်လုံးဝ မသက်ဆိုင်ပါဘူး ။

အင်တာနက် သုံးစွဲခ သက်သာစေရန် ( မလေးရှား အတွင်းသာ )

မလေးရှားနိုင်ငံ အတွင်းသာ
ဈေးနှုန်းဆိုသာ၍ အင်တာနက် ချိတ်ဆက်ရလွယ်ကူသော ကြိုတင်ငွေချေ စနစ်ပါတဲ့ ဆင်းကပ် ပါ ။ အမျိုးအစားက Celcom Mobile Broadband ပါပဲ၊ အင်တာနက် သက်သက်ပါ ဖုန်းပြောလို့ မရပါဘူး ၊ အပေါ် ပုံပါအတိုင်း လိုက်ရှာပြီးဝယ်လိုက်ပါ ။ ဖုန်းဆိုင်နဲ့ အင်တာနက် ချိတ်ဆက်ပေးတဲ့ ဆိုင်တွေမှာရှာဝယ်ရင် ရနိုင်ပါတယ် ၊ Registry  ကို ၀ယ်ယူတဲ့ဆိုင်မှာပဲ လုပ်ခိုင်းလိုက်ပါ Passport မိတ်တူ လိုပါတယ်  ။  အင်တာနက် ချိတ်ဆက်ပေးတဲ့  ဆိုင်မှာရောင်းတဲ့ လကုန်မှ ငွေချေ တဲ့ 5 GB ,6GB,100 GB ဆိုတာတွေ က ပိုက်ဆံ အရမ်းကုန်ပါတယ် ၊ နောက်ပြီး တစ်လ တစ်ခါ နှစ်လတစ်ခါ ပုံမှန် အခွန်သွားသွားဆောင်ပေးနေရတာဆိုတော့ ဇယားရုတ်တာပေါ့ ။ ခုဒီကောင်က ကျွန်တော်တို့ တွေ သုံးနေတဲ့ ဖုန်းကပ်လိုပါပဲ ပိုက်ဆံထည့်လဲ အတူတူပါပဲ ထည့်ရမဲ့ ပိုက်ဆံလဲ အတူတူပါပဲ *122*123456789# အဲလို ဖုန်းထဲ ပိုက်ဆံထည့်သလိုထည့်ရပါတယ် ။ ပိုက်ဆံ ထည့်ဖို့ အတွက် ဟန်းဖုန်း တစ်လုံးတော့လိုတာပေါ့။
ခုကျွန်တော် တင်ပြမှာ ကတော့ ဆိုင်မှာ သွားပြီး လှိုင်းမချိတ်ခိုင်း ပဲမိမိ ဘာသာလှိုင်းချိတ်နည်း လေးကို ဖော်ပြပေးမှာပါ ။ တစ်ချို့ က ကိုယ်တိုင်မလုပ်တတ်ကြဘူး ဆိုင်မှာ သွားပြီး ငွေထည့်ကြတယ် လှိုင်းချိတ်ကြတယ် အဲတော့ ထည့်ပေးခ ရယ်နဲ့ ကိုယ်က ဘာမှ မသိတော့ ဟို ကလိမ်ညာပြီး တစ်လ ကို ၁၀၀ ကျော် လောက်တောင်းလေ့ရှိပါတယ် ။
 ကပ်ထဲမှာ ပိုက်ဆံထည့်ပြီးပြီဆိုရင် 
၁ . broadband activate လို့ ရေးပြီး 28882 ကိုလိပ်မူပြီးပို့ ပါ ( ကွန်ပြူတာ ကနေလုပ်လဲရပါတယ် ဖုန်းကနေလုပ်လဲရပါတယ် )
Welcome to Celcom Broadband. To start using the service type Broadband & send to 28882. For further info contact 1-300 111 000.
ဆိုပြီးSMS ပြန်ပို့ လိမ့်မယ်
၂ . Broadband ဟုရေးပြီး 28882 ကိုထပ်ပို့ ပေးပါ
There are 3 plans for you to choose: Daily(24hrs), Weekly(7days) or Monthly(30days).Type Broadband Daily, Broadband Weekly or Broadband Monthly & send to 28882
ဆိုပြီး SMS ပြန်ပို့ လိမ့်မယ် ။ ဒီတော့ တစ်ရက်စာ လား ၊ ၁ ပတ်စာလား ၊ ၁ လစာလား မေးလာပါတယ် ၁ရက်ယူမယ်ဆို ၁ရက်စာပေါ့ ။ ၁ရက် ကို RM 5 ကုန်ကျပါတယ် ၊ ၁ ပတ်ကို RM 18 ကျပါတယ် ။ 
၃ . ၁ ရက် စာ ( ၂၄ နာရီ) ယူမယ်ဆိုရင် Broadband Daily ဟုရေးပြီး 28882 ကိုပို့ ပေးပါ
Enjoy 24 hours of Celcom Bband usage @ RM5.To confirm yr subscription, type Broadband Yes & send to 28882.RM5 will be charged to yr account upon confirmation.
ဆိုပြီး စာပြန်ပို့ ပါလိမ့်မယ် ။ ခုကျွန်တော် ယူတာက ၁ရက်စာပါ ။
၎ . Broadband Yes ဟုရေးပြီး 28882 ကိုထပ်ပို့ ပါ
Your service is now activated.Fee:RM5, expires on 11/02/2013 12:03. To check status, type BROADBAND STATUS & send to 28882 ဆိုပြီး စာပြန်လာပါလိမ့် မယ် ၊ နောက်ထပ် SMS တစ်ခုလည်းရောက်လာလိမ့်မယ် 
Great news!Now u can subscribe to Instanet Monthly plan with 300MB Data &speeds of up to 1.5Mbps for ONLY RM30/mth! To subscribe,send BROADBAND M30 to 28882.T&Cအဲတာကတော့ တစ်လယူမလား ၊ ၁ ပတ်ယူမလား ဆိုပြီးမေးတာပါ ။
၅. BROADBAND STATUS ဟုရေးပြီး 28882 ကိုပြန်ပို့ ပေးပါ ။
 Your Broadband subscription is active and will expire on 11/02/2013 12:05. Please renew your subscription for uninterrupted usage. Thank you.
ဆိုပြီး စာပြန် ပို့ လိမ့်မယ် ။ ဒါဆို HSUPA USB Stick ကို သင့်ကွန်ပြူတာမှာ ချိတ်ပြီး လှိုင်းချိတ်ကြည့်ပါ။

OK သွားပါမယ် ။
မသိသေးတဲ့ သူများ အင်တာနက်ဖိုး အဆမတန် ကုန်ကျခြင်း မှကင်းဝေးနိုင်ကြပါစေ ။
Share this article :

+ မှတ်ချက် + 3 မှတ်ချက်

Anonymous
10 February 2013 at 01:38

ကျေးဇူးတင်ပါတယ်အစ်ကို

နတ်သားလေးရေ ရောက်ပါတယ် စီဘောက် မတွေ့လို့ မန့်ခဲ့တယ်ဗျာ

Anonymous
12 February 2013 at 06:24

ခုလိုပြောပြ တဲ့အတွက် ကျေးဇူးတင်ပါတယ် ဗျာ
ကျွန်တော့်မှာ လတိုင်း အခွန်ခ ရင်းဂစ် ၁၀၅ ၊ ၁၁၀ အမြဲတမ်း အခွန်ဆောင်နေရတာဗျ အဲဒီ ကပ် ကိုရှာဝယ်အုံးမယ်ဗျာ

Post a Comment

လွတ်လပ်စွာ ဝေဖန်နိုင်သည် (နတ်သားလေး)သည်ဘာမျှသိတတ်နားလည်ခြင်းမရှိ
သောကြောင့်အကူညီ တောင်းခံမူ့ များကိုပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ ။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရူးလေး - All Rights Reserved
Template Created by Creating Website Published by Mas Template
မူပိုင် နတ်သားလေး