နတ်သားလေး သည် ဘာမျှ မသိပါ ၊ ဘာမျှလဲ မတတ်ပါ ၊နာမည်ကျော်ကြား Copy Blogs များကို မိမိ တင်ချင်သလို တင်သောဘလော့ဖြစ်သည် ။ သင့်အတွက် အသုံးဝင်သောအရာတွေ့ ရှိပါက ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာရယူပါ ။

ဒီဘလော့ကို Admin ကိုဝေမင်းလျှန်နဲ့ အတူ တွဲ ဖွင့်ထားတာပါ ။ ကျနော့် နတ်သားလေး Sexy Blogs နှင့် ကိုဝေမင်းလျှန် နှင့်လုံးဝ မသက်ဆိုင်ပါဘူး ။

Internet download manager full version key

internet download manager ကိုတော့ လူတိုင်းလိုလို သိကြပါလိမ့်မယ် ။ ကီးထည့်ပုံထည့်နည်းတွေက လဲ ဘလော့တိုင်းလိုလို မှာရောဆိုဒ်တိုင်းလိုလို မှာပါ ပလူပျံ နေအောင်တင်ကြတာတွေ့ ရပါတယ် ။ အဲထဲမှာ တချို့ ကတော့ တကယ် အလုပ်ဖြစ်ပါတယ် ဒါပေမဲ့ အရမ်း ရှုပ် ထွေးနေတော့ထည့်လို့ မရတဲ့ သူတွေ များနေပါသေးတယ် ။ နောက်ပြီးတစ်ချို့  ဆိုဒ်တွေမှာ တင်တဲ့ အခါမှာလဲ Download လင့်က အလုပ်လုပ် သလား သေနေလားဆိုတာ ကို မစစ်ဆေးပဲ ဟိုဘက်ဆိုဒ်မှာ တွေ့ လို့ သဘောကျလို့  ငါလည်းတင်မယ် ဆိုပြီး ကိုယ်တိုင် မလုပ်ကြည့် မစမ်းကြည့်ပဲ လျှောက်တင်တဲ့ လူတွေကလဲ များသားကလား ။ တချို့ ကျပြန် တော့Patchဟတ်ဆော့ဝဲ လေးတွေနဲ့ တင်ကြပြန်ရဲ့ အဲဒါမျိုးတွေ ကို ကွန်ပြူတာထဲ ထည့်လို့ ကတော့ Antivirus ကို မသုံးပဲ ပိတ်ထား ရပြန်ရော .... ။
 Patch လေးနဲ့  Full ဖြစ်အောင် လုပ်တဲ့ နည်းကို တကယ်ကြိုက်ပါတယ် ။ ဒါပေမဲ့ Antivirus ပိတ်နေရတာတော့သိပ်တော့မမိုက်ဖူးပေါ့နော် ... ။ နောက်ပြီး Update လုပ်ရင် ကီးပြန်တောင်းတောင်းနေတော့ မမိုက်ပြန်တော့ဘူးပေါ့ ။ ကျွန်တော့ ခုတင်ပြမဲ့  IDM Full ဖြစ်အောင်လုပ်တဲ့ နည်းက hosts ဖိုင်လေးကို  system 32 ထဲထည့်ပြီး Register လုပ်တဲ့နည်းပါ ။ တစ်ခါ Register လုပ်ပြီးရင် နောက်ထပ် Update ထပ်လုပ်လဲ နောက်ထပ်ကီး မတောင်းတော့အတွက် တကယ် အဆင်ပြေပါတယ် ။   တကယ်လဲ ထိရောက်ပါတယ် ။ လွယ်လဲလွယ်ကူ လှတလို ပုံတွေ နဲ့ လဲ အသေးစိပ် ဖေါ်ပြ ပေးထားတဲ့ အတွက် လူပိန်းတွေတောင် လုပ်တတ်မှာပါ ။

1 .Download အရင်ဆွဲပါ ။
ပြီးသွားရင် ဆော့ဝဲကို အင်စတော လုပ်လိုက်ပါ ။ Register လုပ်ဖို့ တောင်းလာလိမ့်မယ် ခဏဖယ်ထားလိုက်ပါ ။
2 .  ဒေါင်းထားတဲ့ဖိုင်ထဲ က  hosts ဆိုတဲ့ဖိုင်လေးကို Copy လုပ်လိုက်ပါ ။
3 .ပြီးရင် Start ကိုဝင် My Computer  ကိုဖွင့်ပါ ။
4. Local Disk ကို ထပ်ဖွင့်ပါ ။
 5. WINDOWS ကိုဖွင့်ပါ ။
6 .system 32 ကိုဖွင့်ပါ ။
7.  drivers ကိုထပ်ဖွင့်မယ် ။
8. etc ကိုထပ်ဖွင့်ပါ ။
 9. Paste လုပ်ပါ ။
10 .Yes ကိုနှိပ်ပေးပါ ။ ပြီးရင် ပိတ်လိုက်တော့ ။ 
11 . ခုinternet download manager မှာ Register ကီးထည့်တော့မယ် ။ ကျွန်တော် ပေးထားတဲ့ Notepad ထဲကကုဒ်တစ်ခုကို Copy ကူးလိုက်ပါ ။
12 . အောက်ပါ အတိုင်း ပုံစံ ဖြည့်ပေးပြီး ok နှိပ်ပေးပါ ။

13 . ထပ်ပြီး ok ကိုနှိပ်ပေးလိုက်ပါ ။
ခုဆိုရင် internet download manager မှာ ကီးထည့်ပြီး သွားပြီးဖြစ်တဲ့အတွက် full version ဖြစ်သွားပါပြီ ။

ဒေါင်းချင်တာတွေ ကို ဒေါင်းချင်သလောက် ဒေါင်းပေတော့ဗျာ ။
အဆင်မပြေတာရှိရင် အောက်မှာအော်သွားပါ ။
Share this article :

+ မှတ်ချက် + 3 မှတ်ချက်

25 February 2013 at 08:00

window 7 ,64 bit အတွက် ခုနည်း အတိုင်း လုပ်လို့ မ၇ပါ ကျေး ဇူးပြု၇်ု ထပ်မံ ၇ှင်းပြပေး ပါ လို့....ကျေး ဇူးတင်ပါတယ်ခင်ဗျာ..အစစ အောင်မြင်ပါစေ။

25 February 2013 at 10:08

ဟုတ်ကဲ့
ကို NAT LIN AUNG ရေ...
ကျွန်တော် window 7 ,64 bit သုံးတဲ့ နေ့ ကျရင် 64-Bit အတွက် နောက်ထပ် ရေးပေးပါ့မယ် ။ ခုတော့ အနီးအနားမှာလဲ 64-Bit မရှိတော့ xp နဲ့ ပဲ ပြလိုက်ရတာပါ ။ လာရောက် အားပေးရင် အာနည်းချက်တွေကိုဝေဖန် ထောက်ပြ ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ် ..
နောင်လဲ မကြာမကြာ လာလည်ပြီး ခုလိုပဲ ဝေဖန်ထောက်ပြပေးပါအုံးလို့  တောင်းဆိုပါရစေ

Anonymous
30 June 2014 at 03:09

windows 8.1 တောင်ရတယ် အားလုံးအတူတူ ပါပဲ

ကျေးဇူးတင်ပါတယ် ကိုအရူးလေး

Post a Comment

လွတ်လပ်စွာ ဝေဖန်နိုင်သည် (နတ်သားလေး)သည်ဘာမျှသိတတ်နားလည်ခြင်းမရှိ
သောကြောင့်အကူညီ တောင်းခံမူ့ များကိုပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ ။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရူးလေး - All Rights Reserved
Template Created by Creating Website Published by Mas Template
မူပိုင် နတ်သားလေး